Find Us OIn Facebook

Saturday, June 13, 2015

Android မှာ Root လုပ်ရခြင်းအကြောင်းများ...

Image result for root
Mobile OS တွေဟာ Free Vesion တွေဖြစ်ပေမယ့် သက်ဆိုင်ရာ Device ထုတ်လုပ်သူတွေဟာ stay version အဖြစ်သာထုတ်ပေးကြပါတယ်။ ဒါကြောင့် အချို့သော program များနှင့် application များကို ထည့်သွင်းတဲ့အခါမှာ ပြဿနာတစ်ချို့ရှိလာပါတယ်။ ဒါကြောင့်မို့လိုဘဲ android os ကိုင်ဆောင်သူများကို user အဖြစ်သာပေးထားခြင်းဖြစ်ပါတယ်။ ထိန်းသိမ်းခွင့်ရှိသူ (Adminstrator)အဖြစ် ပေးထားခြင်းမရှိပါဘူး။ Android OS အသုံးပြုသူဟာ Adminstrator အနေနဲ့လုပ်ဆောင်ဖို့လိုလာတဲ့အခါမှာ Root လုပ်ငန်းစဉ်ကို ပြုလုပ်ဖို့လိုအပ်လာပါတယ်။ Root လုပ်ခြင်းအားဖြင့် Adminstrator Permissions ကို user အနေဖြင့်ရယူခြင်းဖြစ်တဲ့အတွက် မူရင်းထုတ်ကုန်ကို ဆန့်ကျင်ဘက်သက်ရောက်တာကြောင့် Warranty တော့ပျက်စီးနိုင်ပါတယ်။
                    Android Device တစ်လုံးကို Root လုပ်လိုက်တဲ့အခါ ပုံမှန်ရရှိထားတဲ့ Performance တွေထက် အနည်းငယ်ပိုပြီးရလာပါတယ်။ User အနေနဲ့ Programming ပိုင်းကိုသိရှိနားလည်ထားသူဖြစ်ပါက Android Os တစ်ခုလုံးကိုကောင်းစွာ လေ့လာကိုင်တွယ်ခွင့်ရှိပါတယ်။
Os တစ်ခုလုံးကို ထိန်းချုပ်ခွင့်ရသွးတဲ့အတွက် ROM ဆိုတာ Device ထဲမှာပါရှိပါတယ်။ အဲဒါကိုသာ Modified လုပ်နိုင်ခဲ့လျှင် User အနေနဲ့ ကိုယ်ပိုင် Themes နှင့် ကိုယ်ပိုင် Setting များကိုပြောင်းလဲပြင်ဆင်နိုင်ပါမည်။ သို့သော်လိုအပ်တာထက်ပြောင်းလဲပြင်ဆင်မိတဲ့အခါ ၊ မလိုဘူးလို့ထင်ပြီး အရေးပါတဲ့ File လေးတစ်ခုလောက်ကိုမှားဖျက်မိတာနဲ့ Device လေးဟာ ဆိုးရွားစွာဖြင့် ဆက်လက်လုပ်ဆောင်ခွင့်များ ရပ်ဆိုင်းကာ ပျက်စီးသွားပါလိမ့်မယ်။ ကြောက်စရာဖြစ်ပေမယ့် Firmware အသစ်ပြန်တင်လိုက်ရင်တော့ ကောင်းသွားမှာပါ။
                    Root လုပ်ငန်းစဉ်အပြီးမှာ super user ဆိုတဲ့ပုံလေးပေါ်လာပြီး user အနေကနေ super user ဖြစ်သွားတာကြောင့် နားလည်တတ်ကျွမ်းမှုပေါ်မူတည်ပြီး စိတ်ကြိုက်လုပ်ဆောင်ခွင့်တွေရသွားပါမယ်။java language တတ်သိသူတစ်ယောက်ကတော့ Core Level
ဆိုတဲ့ OS Management အဆင့်ထိဝင်ပြင်နိုင်ပါလိမ့်မယ်။ သာမန် user တစ်ယောက်အနေနဲ့ကတော့ root လုပ်ပြီး Theme လေးပြောင်းရုံ Myanmar Font ထည့်ရုံလောက်ပါဘဲ။
                   Root လုပ်ပြီးသာမန် user တစ်ယောက်အနေနဲ့ ဘာတွေလုပ်နိုင်မလဲဆိုတာအောက်မှကြည့်ပါ။

 ၁ ။ Theme လှလှလေးတွေပြန်ပြောင်းလို့ရမယ်
 ၂ ။ Myanmar Font နဲ့ လက်ကွက်ထည့်သုံးလို့ရမယ်
 ၃ ။ Device CPU ကို Overclocking လုပ်သုံးလို့ရမယ်
 ၄ ။ Root Only Application တွေကိုသုံးလို့ရမယ်
 ၅ ။ Battery ကိုပိုမိုသုံးနိုင်အောင်လုပ်လို့ရမယ်
 ၆ ။ Boot Loader ကိုပြင်ဆင်အသုံးပြုနိုင်မယ်
 ရ ။ မလိုအပ်တဲ့ application ကိုဖြုတ်လို့ရမယ်
 ၈ ။ System ကို Backup လုပ်နိုင်မယ် ။သွင်းထားတဲ့ application ကိုပြန်ယူနိုင်မယ်
ကဲဒီလောက်ဆိုရင် တော့သာမန် user တစ်ယောက်အနေနဲ့ root လုပ်ရတဲ့အကြောင်းအရင်းကိုတော့သိလောက်ပါပြီ။

0 comments:

Post a Comment