
ကွန်ပျူ တာဆိုသည်မှာ ကွန်ပျူ တာတစ်လုံး၏ ၀င်ပေါက်ဖြစ်လို့
တင်စားပြီး Windows လို့ခေါ်ခဲ့ပါတယ်။
ကွန်ပျူ တာတစ်လုံးတွင် Hardware နှင့်
Software ဆို၍နှစ်မျိုးပေါင်းစပ်ပြီး ရပ်တည်ရပါတယ်။
ထိုထဲမှ Software တွင် Operating
နှင့် application ဆိုပြီး ရှိပါတယ်။
Application ကတော့ အသုံးချနေသော လိုအပ်သော
လုပ်ငန်းခွင်သုံး
Software များကိုခေါ်ပါတယ်။ ဥပမာ-ဓာတ်ပုံပြင်ဆင်၍
ဒီဇိုင်းလုပ်နိုင်သော Adobe
Photoshop ၊ Engineering ပုံများရေးဆွဲနိုင်သော
AutoCAD စသည်ဖြင့်ရှိကြပါတယ်။
Operating Software ကိုတော့ အလွယ်တကူ OS လို့ခေါ်ကြပါတယ်။
ဒါတွေဟာ ကွန်ပျူတာတစ်လုံးကို ထိမ်းချုပ်ပေးနေသော Programming နည်းပညာဖြင့် ဖန်တီးရေးဆွဲထားသော
Software ကြီးတစ်ခုဖြစ်ပါတယ်။
ကမ္ဘာပေါ်တွင် လူသိများတဲ့ အထင်ကရ OS ကြီး ၃ ခုရှိပါတယ်။
၁။ PC များတွင်သုံးသော Windwos
OS
၂။ Apple Mac Computer များတွင်သုံးသော Mac OS
၃။ အခမဲ့အသုံးပြုနိုင်သော Open Source Linux OS
ထိုအထဲတွင် Mac OS မှာတော့ သီးသန့် ရပ်တည်နေပြီး
အဆန်ဆုံးဖြစ်ပါတယ်။
သူရဲ့ OS ကို Apple Product Computer တွေမှာသာ တင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။
သူရဲ့ အားသာချက်တွေကတော့ OS ကို အခမဲ့ပေးပါတယ်။
ဗားရှင်းအသစ်တစ်ခုထွက်လာတိုင်း
Hardware ဖြင့်တကယ်လို့ ကိုက်ညီနေပါက
Free Upgrade လုပ်ယူနိုင်ပါတယ်။ Windows ကတော့
Microsoft ကနေထုတ်လုပ်ပြီး
အခကြေးငွေဖြင့် ရောင်းချပါတယ်။ Upgrade လုပ်ပိုင်ခွင့်ဟာလည်း
အတိုင်းအတာတစ်ခုအထိ တန်ဖိုးပေးဝယ်ရပါတယ်။
Linux ကတော့ အားလုံးနီးပါ အခမဲ့လို့ပြောသော်လည်း
Smart Version တွေဆိုရင် တန်ဖိုးသက်သာစွာဖြင့် ရောင်းချပေးတတ်ပါတယ်။ သာမန် User တွေအတွက်တော့
မလွယ်လောက်ဖူးထင်ကြလို့ လူအသုံးပြုမှုနည်းပါတယ်။
0 comments:
Post a Comment