
Social Network လို့ နာမည် ပေးထားတဲ့ ရုပ်ရှင် အသစ် ကတော့ အခုအချိန်မှာ လူတစ်ယောက်မှာ account တစ်ခု တော့ အနည်းဆုံး ရှိတတ်တဲ့ နာမည်ကြီး social network, facebook ရဲ့ ဖြစ်ပေါ် လာပုံကို ရိုက်ကူး ထားတာပါ။ ဒီ ရုပ်ရှင် ကို အောက်တိုဘာလမှာ ရုံတင်မှာဖြစ်ပြီး မျက်နှာသစ် သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင် ထားတယ် လို့ သိရ ပါတယ်။ သရုပ်ဆောင်သစ် Jesse Eisenberg က Harvard တက္ကသိုလ်ရဲ့ အဆောင် အိပ်ခန်းထဲ ကနေ အဖွဲ့ ၀င်ပေါင်း သန်း ၅၀၀ ရှိလာတဲ့ facebook ကိုတီထွင် ခဲ့တဲ့ Mark Zuckerberg နေရာ ကနေ သရုပ် ဆောင်မှာ ဖြစ် ပါတယ်။ ရုပ်ရှင်ရဲ့ ပိုစတာမှာ "YOU DON'T GET TO 500 MILLION FRIENDS WITHOUT MAKING A FEW ENEMIES," လို့ စာလုံး အကြီး တွေနဲ့ အပြည့် ရေးထားပြီး ရုပ်ရှင်ကား နာမည် Social Network ကိုတော့ facebook ရဲ့ font နဲ့ ရေးသားပုံ အတိုင်း ဒေါင်လိုက် ရေးထား ပါတယ်။ ဒါကတော့ ရုပ်ရှင်ရဲ့ ၀ဘ်ဆိုဒ် ပါ။
0 comments:
Post a Comment